NCA လက်မှတ်ရေးထိုးထားသူများမှ အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းရန် လိုလား

...

NCA လက်မှတ်ရေးထိုးထားသူများမှ အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းရန် လိုလား

Myanmar Times, 02 Nov 2018

URL: https://www.mmtimes.com/news/nca-signatories-want-other-armed-groups-included-peace-process.html
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသောအဖွဲ့များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် လက်မှတ်ရေးထိုးမထားသည့် အခြားသောတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ကိုပါ ပါဝင်စေဖို့ကြိုးပမ်းနေသည်။

"NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဖို့ကလူတိုင်းရဲ့ ဆန္ဒဖြစ်ပါတယ်" ဟု ချင်းအမျိုးသားတပ်ဦးမှ ဥက္ကဌဖြစ်သူ ဆလိုင်းမုန်ဆာခေါင်က ယမန်နေ့က သုံးရက်တာ အစည်း အဝေး ဖွင့်ပွဲတွင် ပြောခဲ့သည်။

"ကျွန်တော်တို့ NCA အဖွဲ့ဝင်တွေက လက်မှတ်ရေးထိုးမထား တဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လုပ်နေပါတယ်။ ဒီအဖွဲ့တွေ ပါဝင်လာစေဖို့ အဖက်ဖက်ကနေ စဉ်းစားတွေးတောလုပ် ဆောင်ပေးကြပါ "ဟု သူက ပြောခဲ့သည်။

NCA လက်မှတ်ထိုးသူကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များအတွင်း သုံးရက်တာကျင်းပသည့်အစည်းအဝေးကို ရန်ကုန်ရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့ပြီး ထိထိရောက်ရောက် တိုးတက်မှုမရှိသည့် ကိစ္စရပ်များကို ရှင်းလင်းရန် ရည်ရွယ်သည်။

အစိုးရဘက်မှ ဦးအောင်စိုးနှင့် တပ်မတော်ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်တစ်ခုမျမှတ်ပေးရန်တောင်းဆိုခဲ့သည်။ ထိုမှသာ ဆွေးနွေးမှုများသည် အနာဂတ်တွင် ပိုမိုအောင်မြင်မည်ဖြစ်သည်။

NCA လက်မှတ်မရေးထိုးထားသည့်အဖွဲ့များဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်အရှေ့ပိုင်းအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီစ သည်တို့ကို ညီလာခံတက်ရောက်ရန်ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့သည် အစည်းအဝေးပထမနေ့ကို မတက်ရောက်ခဲ့ကြပေ။