နယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်အထိ အဝေးပြေးလမ်းမကြီးအား မြန်မာနှင့်ထိုင်းမှ ပူးတွဲအဆင့်မြှင့်တင်မည်

...

နယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်အထိ အဝေးပြေးလမ်းမကြီးအား မြန်မာနှင့်ထိုင်းမှ ပူးတွဲအဆင့်မြှင့်တင်မည်

The Irrawaddy, 02 Nov 2018

URL: https://www.irrawaddy.com/news/myanmar-thailand-jointly-upgrade-highway-border-dawei-sez.html
ထားဝယ်အထူးစီးပွားရေးစက်မှုဇုန်နှင့်အတူ ထိုင်း-မြန်မာနယ်စပ်ကို ချိတ်ဆက်ထားသောအဝေးပြေးလမ်းမကြီးအား ထိုင်း-မြန်မာနိုင်ငံမှ ပူးတွဲအဆင့်မြှင့်တင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့သည်။

ယူအက်စ်ဒေါ်လာ ၈ ဘီလီယံတန်စီမံကိန်းဖြစ်ပြီး ရေနက်ဆိပ်ကမ်းတစ်ခုပါဝင်သည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသကြီးရှိ စီမံကိန်းအား အရှေ့တောင်အာရှတွင် အကြီးမားဆုံးစက်မှုဇုန်ဖြစ်လာ ရန်အတွက် ထားရှိသည်။

ကြာသာပတေးနေ့တွင် ဆွေးနွေးမှုသဘောတူညီချက်အောက်၌ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီအား နှစ်လမ်းသွားလမ်းမကြီးအားမြှင့်တင်ရန်အတွက် ကွင်းဆင်းစစ်ဆေးရန်နှင့် ပြင်ဆင်ဒီဇိုင်းထုတ်လုပ်ရန် ခွင့်ပြုမည်ဖြစ်သည်။ လမ်းမကြီးသည် နယ်စပ်ဖြတ်ကျော်ဂိတ်ထီးခီးမှ မေတ္တာမြို့မှတဆင့် အထူး စီးပွားရေးစက်မှုဇုန်သို့ ချိတ်ဆက်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ ဟိုင်းဝေးလမ်းမကြီးအတွက် ကွင်းဆင်းလေ့လာခြင်းနှင့် ဒီဇိုင်းထုတ်ခြင်းတို့တွင် နည်းပညာပိုင်းဆိုင်ရာအကူအညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်က ပြောခဲ့သည်။ စီမံကိန်းပြီးစီးရန်မှာ ကာလအားဖြင့် ၈ လ ကြာမြင့်မည်ဖြစ်သည်။

ဦးဟန်ဇော်က လမ်းမကြီးစီမံကိန်းသည် တနင်္သာရီဒေသကြီး၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကောင်းစေလိမ့်မည်ဟု ၎င်းက မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်၊ အထူးသဖြင့် ရေထွက်ပစ္စည်း များကို ထိုင်းနိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချရန် ခွင့်ပြုခြင်းနှင့် နှစ်နိုင်ငံတွင်း ခရီးသွားလာမှုကို မြှင့်တင်ခြင်းအားဖြင့် ဖြစ်သည်။

ငါးဖမ်းခြင်းသည် တနင်္သာရီကျွန်းဆွယ်တွင် အဓိကအရေးပါသောလုပ်ငန်းထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပင်လယ်စာထုတ်ကုန်အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့သည်။

မတ်လတွင် ပြည်ထောင်စုလွှတ်တော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနအား NEDA ထံမှ အတိုးနှုန်းနည်းနည်းဖြင့် ဘတ် ၄.၅ ဘီလီယူရန် ခွင့်ပြုခဲ့သည်။ ဝန်ကြီးဌာနသည် လမ်းမကြီးတိုင်းတာခြင်းနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်ကတည်းကပင် ထိုင်းနိုင်ငံအဝေးပြေးဦးစီးဌာနနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။