ကရင်ပြည်နယ်မှာ သေနတ်သံတွေ တိတ်သလောက်ဖြစ်နေပြီဟု သမ္မတပြော

Mizzima, 08 Nov 2018
URL: https://www.bnionline.net/en/news/guns-almost-fall-silent-karen-state
ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ဆုံးဖြတ် လက်တွဲခဲ့သည့်အတွက် ကရင်ပြည်နယ်တွင် သေနတ်သံတိတ်သလောက် ဖြစ်နေပြီး လက်ရှိမှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များအား ရရှိခံစားနေရပြီဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ် မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ခဲ့ သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က " ယခင်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ကရင်ပြည်နယ်မှာဆိုရင် လည်း အခုဆိုရင် သေနတ်သံတွေ တိတ်သလောက် ဖြစ်နေပါပြီ "ဟု ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု တစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိရာတွင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့ စွမ်းအားအရင်းအမြစ်၊ လျှပ်စစ်မီးရရှိရေး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွ့ံဖြိုးရေး၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွ့ံဖြိုးတိုးတက်ရေး စသဖြင့် ကဏ္ဍစုံတွင် ဖွ့ံဖြိုးတိုး တက်အောင် စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သမ္မတက ထိုသဝဏ်လွှာမှတဆင့် ပြောကြားခဲ့သည်။
လက်ရှိတွင် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများကို (၃) ကြိမ်တိုင် ကျင်း ပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အခြေခံမူ (၅၁) ချက် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ ခဲ့သည့် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။