ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတမှုရှိပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း လူ့အခွင့်အရေးကော်မရှင်ပြောကြား

...

ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတမှုရှိပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း လူ့အခွင့်အရေးကော်မရှင်ပြောကြား

Eleven Myanmar, 05 Nov 2018

URL: https://elevenmyanmar.com/news/by-election-fair-and-meets-international-standards-human-rights-commission
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ၎င်းတို့လေ့လာခဲ့သည့်မဲရုံများတွင် မသင်္ကာစရာလှုပ်ရှားမှုများ တွေ့ရှိမှု မရှိကြောင်းနှင့် ရွေးကောက်ပွဲသည် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိ ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ကြေညာခဲ့သည်။

ကော်မရှင်မှ ၎င်းတို့သည် သက်ဆိုင်ရာအာဏာပိုင်များထံသို့ ထိုအကြောင်းအား အစီရင်ခံစာ ရေးသားပေးပို့မည်ဖြစ်ကြောင်းပြောခဲ့သည်။

ကော်မရှင်အဖွဲ့ဝင်များသည် လစ်လပ်နေရာ မဲဆန္ဒနယ် ၁၃ ခုတွင် ၆ နေရာကို လေ့လာခဲ့ပြီး ၎င်းတို့တွေ့ရှိချက်များကို ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမဲဆန္ဒနယ် အမှတ် ၂ ရှိ မဲရုံ ၂၅ ရုံ၊ ရန်ကုန်တိုင်းရှိ တာမွေမဲဆန္ဒနယ်မြေ၊ မကွေးတိုင်းရှိ မင်းဘူးမဲဆန္ဒနယ်မြေအမှတ်၂၊ ပဲခူးတိုင်းရှိ အုတ်တွင်းမဲဆန္ဒနယ်မြေအမှတ် ၁ ၊ ရန် ကုန်တိုင်းရှိ ဆိပ်ကမ်းသာ မဲဆန္ဒနယ်မြေအမှတ် ၂ နှင့် မန္တလေးတိုင်း၏ ရှမ်းတိုင်းရင်းသားရေးရာ လစ်လပ်ဝန်ကြီးနေရာတစ်ခုအတွက်မဲဆန္ဒနယ်မြေ စသည်တို့ကို သွားရောက်လည်ပတ်ခဲ့သည်။

ကြေငြာချက်တွင် နိုင်ငံတကာလူ့အခွင့်အရေးလေ့လာသူအဖွဲ့များက အသုံးပြုသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ၎င်းတို့သည် ရွေးကောက်ပွဲကိုလေ့လာခဲ့ပြီး ရွေးကောက်ပွဲသည် နိုင်ငံတကာလူ့အခွင့် အရေးစံချိန်စံနှုန်းများနှင့် ကိုက်ညီကြောင်း မှတ်ချက်ပြုခဲ့သည်။

NLD မှ နေရာ ၇ နေရာ အနိုင်ရရှိပြီး အဓိကအတိုက်အခံပါတီဖြစ်သည့် USDP ပါတီက နေရာ ၃ နေရာ အနိုင်ရရှိခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် က ၁ နေရာနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းက ၁ နေရာ စသည်ဖြင့် အနိုင်ရရှိခဲ့ကြသည်။