ဧရာဝတီတိုင်းတွင် လယ်သမားချေးငွေ ၅၂ ရာခိုင်နှုန်း ကြွေးကျန်နေ

...

ဧရာဝတီတိုင်းတွင် လယ်သမားချေးငွေ ၅၂ ရာခိုင်နှုန်း ကြွေးကျန်နေ

Eleven Myanmar, 17 Nov 2018

URL: https://elevenmyanmar.com/news/ayeyawady-accounts-for-52-pc-of-total-outstanding-farm-loans
မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးရေးဘဏ်သည် ကြွေးကျန်နေသည့်စိုက်ပျိုးချေးငွေ ၅၂ ရာခိုင်နှုန်းကို ကောက်ယူ၍မရသေးကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဦးဌေးဝင်းက ၂၀၁၁ ခုနှစ်ကနေ မုတ်သုံနှင့်ဆောင်းရာသီစိုက်ပျိုးရေးဆိုင်ရာချေးငွေများကို ၂၀၁၇ မုတ်သုံနဲ့ဆောင်းရာသီစိုက် ပျိုးရေးဆိုင် ရာချေးငွေအထိ ချေးငွေပေးထားပါတယ်၊ အဲ့ကနေ အကြွေး ကျပ် ၁၃၁.၁၀၉ ဘီလီယမ် ကြွေးကျန်နေပါတယ်။ ဒါဟာနိုင်ငံအနှံ့ရရှိမယ့်စိုက်ပျိုးရေးဆိုင်ရာ ကြွေးကျန်ရဲ့ ၅၂ ရာခိုင်နှုန်းရှိနေပါတယ်။ လယ်သမားတွေအနေနဲ့ စုငွေနဲ့ချေးငွေ အချိုးမညီမျှမှုကို ဖြစ်ပေါ်လာတာကြောင့် အမတော်ကြေးကို ထုတ်ယူဖို့ ခွင့်ပြုခဲ့တာကြောင့်မိုလို့ ဒီလိုကြွေးကျန်တဲ့ အကြောင်းအရင်းတွေ ဖြစ်လာတာပါပဲ။ ဘဏ်က ပုံစံ-၇ ရှိရုံနဲ့ ငွေထုတ်ချေးခဲ့ပါတယ်။ လယ်ယာမြေဝယ်ယူရောင်းချတာတွေ၊ ငှားရမ်းတာတွေ ပျံ့နှံ့နေပါတယ်။ အာမခံစနစ်ကလည်း လယ်သမားတွေကြားမှာ အားနည်းမှုတွေရှိနေပါတယ်၊ ကောက်ပဲသီးနှံစျေးကလည်း ကျဆင်းနေပါတယ်၊ ရာသီဥတုအပြောင်းအလဲတွေဖြစ်တာကြောင့် သီးနှံတွေပျက်စီးပါတယ်။လယ်သမားတချို့တွေနဲ့အားနည်းချက်တွေနဲ့ ချေးငွေစိစစ်ရေးကော်မတီတွေရဲ့ ရန်ပုံငွေအလွဲသုံးစားလုပ်တာတွေကလည်း ရှိနေပါတယ်။ ချေးငွေတွေကို ပြန်မဆပ်တဲ့သူတွေ ထိထိရောက်ရောက်အရေးယူတာတွေလည်း မရှိပါဘူး။ မြန်မာ့စိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈ နိုဝင်ဘာ ကနေ ၂၀၁၉ မတ်လအထိ စိုက်ပျိုးချေးငွေကြွေးကျန်တွေကောက်ဖို့အတွက် အစီအစဉ်မူကြမ်းရေးဆွဲပါမယ်။ ဒေသကြီးအစိုးရက မြို့နယ်တစ်ခုစီတိုင်းမှရှိတဲ့ ကြွေးကျန်တွေကို နိုဝင်ဘာလကစပြီး စတင် စိစစ်နေပါပြီ။

မြန်မာ့စိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်မှ ရန်ပုံငွေအလွဲသုံးစားလုပ်မှုတွေအတွက် ချေးငွေစိစစ်ရေးကော်မတီအဖွဲ့အချို့ကို အရေးယူနေ ကြောင်း သိရသည်။