ဦးမင်းသူ အား ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတ ခန့်အပ်

...

ဦးမင်းသူ အား ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတ ခန့်အပ်

Myanmar Times, 27 Nov 2018

URL: https://www.mmtimes.com/news/u-min-thu-nominated-take-over-ministerial-post.html
လစ်လပ်လျက်ရှိသည့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးအဖြစ် သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူအား နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၂၉ ရက်တွင် အမိန့်အမှတ် ၄၂ / ၂၀၁၈ ဖြင့်ခန့်အပ်တာဝန်ပေးအပ် လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ ၊ ပုဒ်မ ၂၃၅ ၊ ပုဒ်မခွဲ ( ဃ ) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတက မြိတ်လေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ် မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူး ကြီးရာထူးဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူ ဦးမင်းသူအား ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီး အဖြစ် ခန့်အပ်တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခင် ပြည်ထာင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးသောင်းထွန်းမှာ အသစ်ဖွင့်လှစ်လိုက် သည့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန် ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် အတွက် ယင်းဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီး နေရာ လစ်လပ်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက် တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူကိုခန့်အပ်မည့် ကိစ္စမှာ ကန့်ကွက်ချက်တစ်စုံတစ်ရာမ ရှိသည့်အတွက်သဘောတူကြောင်းပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်ကကြေညာခဲ့ပြီး ဖြစ်သည်။