အကောင်အထည်ဖော်ခြင်းမရှိသော မြေလွတ်မြေလပ်မြေရိုင်း ဧက (၉)ထောင်ကျော်ကို ပြန်သိမ်း

...

အကောင်အထည်ဖော်ခြင်းမရှိသော မြေလွတ်မြေလပ်မြေရိုင်း ဧက (၉)ထောင်ကျော်ကို ပြန်သိမ်း

Myanmar Times, 24 Jan 2019

URL: https://www.mmtimes.com/news/government-approves-seizure-over-950000-acres-unused-land.html
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် အကောင်အထည်ဖော်ခြင်းမရှိသော မြေလွတ်မြေလပ်မြေရိုင်း ဧက (၉)ထောင် ကျော်ကိုခွင့်ပြုမိန့်များ ပြန်သိမ်းခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူးရေး သယံဇာတ နှင့်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဦးတင်အောင်ဝင်းက ပြောသည်။

လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသည့်မြေလွတ်မြေလပ်မြေရိုင်းများအား စီမံဆောင်ရွက်ထားမှုနှင့်ပတ်သက်ပြီး ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တိုင်းလွှတ်တော်၌ ဧရာဝတီတိုင်း ဒေသကြီးအစိုးရသို႔ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ညောင်တုန်းမြို့နယ်အတွင်းမှာ ယခင်မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ခွင့်ပြု ထားတဲ့ ဧရိယာဟာ ၂၈၂၆၀.၅၃ဧကဖြစ်ပါတယ်။ သတ်မှတ်ကာလ ၄ နှစ်ကိုကျော်လွန်ပြီးတော့ အကောင်အထည်ဖော်လုပ်ကိုင်မှုမရှိတဲ့အတွက် ခွင့်ပြုမိန့်ရုတ်သိမ်းပြီးသိမ်းဆည်းတဲ့ ဧရိယာ ၅၈၃၅.၅ ဧကနှင့် တစ်စိတ် တပိုင်းဖော်ထုတ်စိုက်ပျိုးပြီး ဖော်ထုတ်လုပ်ကိုင်မှုမရှိ တဲ့ဧရိယာတွေကို သိမ်းဆည်းထားတဲ့ဧရိယာ ၃၆၀၀ ဧက စုစုပေါင်း ၉၄၃၆.၁၉ ဧကအား ခွင့်ပြုမိန် ့ရုတ်သိမ်းပြီးဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးမွေးမြူးရေး သယံဇာတ နှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

ထိုသို့ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော မြေများကို ပြန်လည်သိမ်းဆည်းရန်အတွက် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန်႔ခွဲရေး ဗဟိုကော်မတီက အကြောင်းကြား လာခဲ့ပြီး အကောင်အထည်ဖော် လုပ်ပိုင်ခွင့်မရှိသဖြင့် ခွင့်ပြုမိန့်ပြန်ရုပ်သိမ်းခဲ့သော ဧရိယာမှာ ၄၇၈၂၂.၁ရဧက ကို မြေလွတ်မြေလပ်နှင့်မြေရိုင်း များစီမံခန်႔ခွဲ ရေးဗဟိုကော်မတီသို့ တင်ပြခဲ့ကြောင်း အဆိုပါ မြေများကို လုပ်ပိုင် ခွင့် နှင့်အသုံးပြုခွင့်များကို ရုပ်သိမ်းခဲ့ပြီး ပေးသွင်းထားသည့် အာမခံကြေးများကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူးရေး သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးတင်အောင်ဝင်းက မေးခွန်းအား ပြန်လည်ဖြေဆိုခဲ့သည်။