ကမ္ဘာ့ဘဏ်၏ပံ့ပိုးကူညီပေးမှုဖြင့် ယခုနှစ်၌ ကျေးရွာ(၅၀၈၀)ရွာ လျှပ်စစ်မီး ရရှိမည်

...

ကမ္ဘာ့ဘဏ်၏ပံ့ပိုးကူညီပေးမှုဖြင့် ယခုနှစ်၌ ကျေးရွာ(၅၀၈၀)ရွာ လျှပ်စစ်မီး ရရှိမည်

Myanmar Times, 05 Feb 2019

URL: https://www.mmtimes.com/news/5080-villages-receive-electricity-world-bank-support-year.html
Myanmar Times, 5 February 2019အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်း(NEP) ၏လုပ်ဆောင်မှုတစိတ်တပိုင်းအနေဖြင့် ကျေးရွာစုစုပေါင်း(၅၀၈၀)ရွာသည် လျှပ်စစ်မီးရရှိတောမည်ဖြစ်သည်၊ စီမံကိန်းသည် လက်ရှိတွင် ကမ္ဘာ့ဘဏ်၏ ကူညီပေးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း NEP ၏ လက်ထောက်အကြီးအကဲအင်ဂျင်နီယာနှင့် စီမံကိန်းမန်နေဂျာဖြစ်သူ ဦးသူရအောင်ဘိုက ပြောခဲ့သည်။

ကမ္ဘာ့ဘဏ်မှ NEP အား ယူအက်စ်ဒေါ်လာသန်း ၄၀၀ ခွဲဝေချထားပေးခဲ့ပြီး ယူအက်စ်ဒေါ်လာသန်း ၉၀ ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလုပ်ဆောင်နေသည့် ကျေးရွာလျှပ်စစ်အား ကြိုးသွယ်တန်းခြင်းအတွက် ချထားပေးခဲ့ကာ ကျန်ရှိသည် ယူအက်စ်ဒေါ်လာသန်း ၃၁၀ ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန(MOEE)မှ လုပ်ဆောင်နေသည့် လျှပ်စစ်ကြိုးလိုင်းခွဲများအတွက် ချထားပေးခဲ့သည်။

MOEE သည် လျှပ်စစ်ကြိုးများတိုးချဲ့ရန်အတွက် ကမ္ဘာ့ဘဏ်၏လမ်းညွှန်ချက်များအရ နိုင်ငံတကာတင်ဒါများကို ဖိတ်ကြားထားနှင့်ပြီဖြစ်သည်။ ယမန်နှစ် ဒီဇင်ဘာလတွင် စီမံကိန်းစတင်ဆောင်ရွက်ရန်အတွက် ကုမ္ပဏီ ၁၂ ခုနှင့် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့သည်။

ပထမအဆင့် လျှပ်စစ်ကြိုးတိုးချဲ့ခြင်းတွင် ပင်မလိုင်း ၂ မိုင်အကွာရှိ ကျေးရွာ ၅၀၈၀ ခုကို ယခုနှစ်မကုန်မီ လျှပ်စစ်မီးသွယ်တန်းပေးမည်ဖြစ်သည်။ ထိုသို့သွယ်တန်းရာတွင် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ ကျေးရွာများပါဝင်မည်ဖြစ်ကြောင်း ဦးသူရအောင်ဘိုက ပြောခဲ့သည်။

ပြီးခဲ့သည့်လတွင် လက်မှတ်ရေးထိုးသဘောတူညီမှုအရ ဒုတိယအဆင့်တွင် စကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များသည် ယခုနှစ်တွင် လျှပ်စစ်မီးရရှိမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ချေးငွေကြောင့် နိုင်ငံ၏လျှပ်စစ်မီးရရှိမှုသည် ၉.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်။ MOEE သည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံတဝန်းလုံးလျှပ်စစ်မီးရရှိစေရန် ရည်ရွယ်ထားသည်။