အာဆီယံနိုင်ငံများမှ အထူးကျွမ်းကျင်လုပ်သားများအား ဂျပန်ကုမ္ပဏီများ တိုက်ရိုက်အလုပ်ခေါ်ယူခန့်ထားမည်

...

အာဆီယံနိုင်ငံများမှ အထူးကျွမ်းကျင်လုပ်သားများအား ဂျပန်ကုမ္ပဏီများ တိုက်ရိုက်အလုပ်ခေါ်ယူခန့်ထားမည်

Eleven Myanmar, 08 Feb 2019

URL: https://elevenmyanmar.com/news/deal-to-send-myanmar-skilled-workers-to-japan-to-be-signed-in-march
အာဆီယံနိုင်ငံများမှ အထူးကျွမ်းကျင် လုပ်သားများအား ဂျပန်ကုမ္ပဏီများက တိုက်ရိုက်အလုပ်ခေါ်ယူမည်ဖြစ်ကြောင်း အလုပ်သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းကိစ္စအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးH.E. Mr. Ichiro MARUYAMA တို့ ဖေ ဖော်ဝါရီ ၅ ရက်ကတွေ့ဆုံစဉ် ဆွေးနွေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားဥပဒေပြင်ဆင် ရေးဆွဲအတည်ပြုပြီးဖြစ်၍ အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊ ဗီယက်နမ်၊ဖိလစ်ပိုင်၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ အထူးကျွမ်းကျင်လုပ်သားများခေါ်ယူမည့်အစီအစဉ်ကို လွန်ခဲ့သည့်အပတ်က ဂျပန်ဝန်ကြီးချုပ်ဦးဆောင်ကျင်းပသည့် အာရှနိုင်ငံများဆိုင်ရာ သံအမတ်ကြီးများအစည်းအဝေး၌ ပြောဆို ခဲ့ကြောင်း သိရသည်။

ယခုခေါ်ယူမည့် အထူးကျွမ်းကျင်အလုပ်သမားများသည် ယခင်နည်းပညာသင်တန်း အလုပ်သမားများကဲ့သို့ ဂျပန်နိုင်ငံတွင် ပညာသင်ပြီး အလုပ်လုပ်ရန်မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံတွင် နည်းပညာ ဆန်းစစ်ခြင်းစာမေးပွဲနှင့် ဂျပန်ဘာသာစကား ပြောစာမေး ပွဲဖြေဆို အောင်မြင်သူများအား အလုပ်ခန့်မည့်ကုမ္ပဏီများမှ တိုက်ရိုက်လာရောက်ရွေးချယ်သည့် စနစ်ဖြစ်ကာ ဂျပန်နိုင်ငံရှိ အလုပ်သမားများနှင့် တန်းတူအခွင့်အရေးနှင့် လုပ်ခလစာရရှိမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

သို့ဖြစ်ရာ ဂျပန်အစိုးရနှင့် မြန်မာအစိုးရအကြား အလုပ်သမားစေလွှတ်ရေးနားလည် မှုစာချွန်လွှာကို လာမည့်မတ်လကုန်တွင်အပြီး ရေးထိုးနိုင်ရေးအတွက် ဂျပန်နိုင်ငံဘက်မှ နားလည်မှုစာချွန်လွှာ(မူကြမ်း) ပြုစုပေးပို့မည် ဖြစ်ကြောင်းလည်း သိရသည်။