တိုင်းဒေသကြီး/ပြည်နယ်စိုးရတွေနဲ့ ပြည်သူလူထုအကြား အနီးကပ်ဆက်ဆံမှု၊ ထိတွေ့မှုပြုရန်လိုအပ် - နိုင်ငံတော်အတိုင်ပင်ခံ

...

တိုင်းဒေသကြီး/ပြည်နယ်စိုးရတွေနဲ့ ပြည်သူလူထုအကြား အနီးကပ်ဆက်ဆံမှု၊ ထိတွေ့မှုပြုရန်လိုအပ် - နိုင်ငံတော်အတိုင်ပင်ခံ

The Global New Light of Myanmar, 14 Feb 2019

URL: https://issuu.com/myanmarnewspaper/docs/14_feb_19_gnlm
တင်္နသာရီဒေသသို့ သွားရောက်လည်ပတ်သည့်ခရီးစဉ်အတွင်း ပြည်သူများ မေးခွန်းမေးလာမှုအပေါ်ရည်ရွယ်၍ နိုင်ငံတော်အတိုင်ပင်ခံက ပြည်နယ်အစိုးရသည်ပြည်သူလူထုနှင့်အ နီးကပ်ထိတွေ့ဆက်ဆံ ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒီလို အရပ်ရပ် ရွာရွာသွားရင် တစ်နေရာနဲ့တစ်နေရာ တောင်းတဲ့ကိစ္စတွေက သိပ်ပြီးတော့မကွာခြားပါဘူး။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ဆက်နွယ်နေတဲ့ ကိစ္စတွေ ပဲ ဖြစ်ပါတယ်။ တချို့ကိစ္စတွေက တကယ်တော့ အဖြေတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေက ပေးနိုင်တဲ့အဖြေတွေပါပဲ။ အဲဒါကြောင့် ကျွန်မသတိပြုမိတာက တချို့နေရာတွေမှာ ဆိုင်ရင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာ ဆက်ဆံတာဟာ နီးကပ်သင့်သလောက် မနီးကပ်ဘူးလို့ မြင်ပါတယ်။ နီးကပ်တယ်ဆိုရင် ဒီလိုအဖြေတွေကို ပြည်သူလူထုက သိပြီး သားဖြစ်ရပါမယ်။ဗဟိုကလာမှ မေးရမယ့်မေးခွန်းတွေမဟုတ်ပါဘူး။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာပိုပြီးတော့ နီးနီးကပ်ကပ်ဆက်ဆံရေး၊ထိတွေ့ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ရှိလည်းရှိသင့်ပါတယ် ဟု ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဒေသခံပြည်သူများက မြစ်ရေကြီးမှုကာကွယ်ပေးရေး၊ Universal Healthcare Law ပြဋ္ဌာန်းပေးရေး၊ မြေငှားခအခွန်များစည်းကြပ်ပေးရေး၊ ပြည်တွင်း၊ပြည်ပ ခရီးသွားများအတွက် ပင်လယ်ပြင်ကျွန်းများတွင် သန့်စင်ခန်းများ ဆောင်ရွက်ခွင့်ပြုရန်၊ ငါးလေလံစျေး အမြန်ဆောင်ရွက်ပေးနိုင်ရေး၊ မောတောင်နယ်စပ်ဂိတ်ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ဆောင်ပေးရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးရေး၊ တိုင်းရင်းသားဘာသာစကားသင်ကြားပေးနိုင်ရေး၊ မောတောင်နှင့် ထိုင်းနိုင်ငံဘက်ခြမ်း မြို့နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အမြဲတမ်းဖွဲ့စည်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးရေး၊ ဒီရေတောများအား စနစ်တကျထားရှိပေးရေး၊ မြိတ်နည်းပညာတက္ကသိုလ် မြေယာကိစ္စများအမြန်ဖြေရှင်းပေးရေး၊ ပင်လယ်ပြင်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး ဖြေလျော့ပေးနိုင်ရေး၊ လိုအပ်သည့်ကိစ္စများ၊ ဆရာ၊ဆရာမလိုအပ်ချက်များဖြည့်ဆည်းပေးရေး၊ မြေယာအမှုကိစ္စကြောင့် တရားစွဲဆိုခံရသည့်အခြေအနေ ကူညီဖြေရှင်းပေးရေးစသည့်ကိစ္စရပ်များကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ချက်ချင်းဆောင်ရွက်ပေးမည့် အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားကြသည်။

နိုင်ငံတော်အတိုင်ပင်ခံမှ ဖြေရှင်းနိုင်သည်များကို အမြန်ဆုံး ဖြေရှည်းပေးသွားမည်ဖြစ်ကြောင်းလည်း ကတိပေးပြောကြားခဲ့သည်။