၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ကောက်ယူရရှိသည့်ရန်ပုံငွေများအနက် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ကို NLD ပါတီ မြို့နယ်ရုံးများ ဖွင့်လှစ်ရေးနှင့် တိုင်း၊ ပြည်နယ်အဆင့် ရုံးများအတွက် အသုံးပြုမည်

...

၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ကောက်ယူရရှိသည့်ရန်ပုံငွေများအနက် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ကို NLD ပါတီ မြို့နယ်ရုံးများ ဖွင့်လှစ်ရေးနှင့် တိုင်း၊ ပြည်နယ်အဆင့် ရုံးများအတွက် အသုံးပြုမည်

Myanmar Times, 25 Feb 2019

URL: https://www.mmtimes.com/news/nld-cuts-salaries-mps-ministers-saves-nearly-k6b.html
၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ကောက်ယူရရှိသည့် ရန်ပုံငွေများအနက် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ကို NLD ပါတီ မြို့နယ်ရုံးများ ဖွင့်လှစ်ရေးနှင့် တိုင်း၊ ပြည်နယ်အဆင့် ရုံးများအတွက် အသုံးပြုမည် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မိမိတို့တာဝန်ယူပြီးနောက် သုံးနှစ်တာကာလတွင် အစိုးရအဖွဲ့ ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅ ရာခိုင်နှုန်း သော ရန်ပုံငွေသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်အထိ ကျပ်သန်း ပေါင်း ၃၆၆၇ ရှိလာပြီဖြစ်ကြောင်း ဒေါက်တာဇော် မြင့်မောင်ကပြောကြားသည်။

“ပြောချင်တာက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိမှာ ကျွန်တော် တို့ သန်းပေါင်း ၅၈၈၀ ရှိပါလိမ့်မယ်။ ရှိလာမယ်။ ရအောင် လည်း ကောက်မှာပါ။ ကိုယ်စားလှယ်တွေက မပေးလို့မရဘူး။ ပေးကို ပေး ရမယ်။ ၅၈၈၀ ရှိပါတယ်။ အဲဒီထဲက ကျွန်တော်တို့ မြို့နယ် ၁၉၆ မြို့နယ်မှာ ရုံးတွေ မဖွင့်ရသေးဘူး။ အဲဒီ ၁၉၆ မြို့နယ်ကို သိန်း ၁၅၀ စီနဲ့ ထောက်ပံ့မယ်။ နောက်တစ်ခါ တိုင်းနဲ့ ပြည် နယ်အဆင့် ရုံးတွေကို ထောက် ပံ့ဖို့က ကျွန်တော်တို့ တိုင်းနဲ့ ပြည်နယ်အဆင့်အတွက် သိန်း ၇၀၀ ပေးပါတယ်။ မြို့နယ်ကို သိန်း ၁၅၀ ပေးပါတယ်။ အဲဒီတော့ ကျန်တဲ့ဟာတွေ ပေးဖို့အတွက်က ဘယ်လောက် ကုန်မလဲဆိုရင် သန်း ၃၁၅၀ ပဲရှိပါတယ်။ ကျွန်တော်တို့ဆီမှာ သန်းပေါင်း ၅၈၈၀ ရှိတော့ သန်း ၂၀၀၀ ကျော်လောက် ပိုပါတယ်။ အဲဒီသန်း ၂၀၀၀ ကျော်ထဲက ကျွန်တော်တို့က ခရီးစရိတ်နဲ့ နေ့တွက် စရိတ်ပေးပါမယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ၁ ရက်က စပေးပါမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဆုံးဖြတ်ချက်များမှာ (၁) စွမ်းရည်မြှင့် သင်တန်းများကို လိုအပ်ချက်များအပေါ် မူတည်၍ ဆောင်ရွက်ပေးမည်။ (၂) ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍ ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များအတွက် ခရီးစရိတ်နှင့် နေ့ တွက်စရိတ်များ ထောက်ပံ့ပေးမည်။ (၃) ဗဟို ကော်မတီဝင်များ၏ အခန်းကဏ္ဍသည် ပါတီ၏ မူဝါဒများ ချမှတ်ရာတွင် အဓိကဦးဆောင်သူများဖြစ်သလို အဓိကတာဝန်လည်း ဖြစ်သည်။ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍတွင် ဗဟိုကော်မတီဝင်များက တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ညီလာခံမှ ဆုံးဖြတ်ချက် များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သည်။ (၄) လယ်ယာမြေ သိမ်းဆည်းခံရမှုများ နှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ် ရေး ကော်မတီတို့တွင် ပါဝင်သော လွှတ်တော်ကိုယ် စားလှယ်များကို လျင်မြန်စွာ ဆောင်ရွက်ရန် တိုက်တွန်းပေးမည်။ (၅) ဗဟို အလုပ်အမှုဆောင်အဖွဲ့များအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကွင်းဆင်း၍ ပါတီ၊ လွှတ်တော်၊ အစိုးရတွေ့ဆုံမှုများတွင် ပါဝင်ဆောင်ရွက်သွားမည်နှင့် (၆) တိုင်းရင်းသားရေးရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းမည်ဆိုသည့် အချက်တို့ဖြစ်သည်။