ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညီညွတ်စွာ ပူးပေါင်း ပါဝင်ရန် ထောက်ခံပွဲက တိုက်တွန်း

...

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညီညွတ်စွာ ပူးပေါင်း ပါဝင်ရန် ထောက်ခံပွဲက တိုက်တွန်း

The Straits Times, 28 Feb 2019

URL: https://www.straitstimes.com/asia/se-asia/thousands-rally-in-myanmars-yangon-to-change-army-drafted-constitution
ရန်ကုန် မြို့တော် ခန်းမရှေ့၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အား ထောက်ခံ ဆန္ဒ ထုတ်ဖော်ပွဲတွင် တရားမျှတမှု မရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရေးကို ညီညွတ်စွာ ပူး ပေါင်း ပါဝင်ကြရန် ဦးဆောင်သူများက တိုက်တွန်းကြသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်သည့် ကိုယ်စားလှယ် ၄၅ ဦးပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကို ပြည် ထောင်စု လွှတ်တော်က ဖေဖော်ဝါရီ ၁၉ ရက်တွင် အတည်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ပွဲကျင်းပရေး ဦးဆောင် အဖွဲ့ဝင် ဦးယဉ်ထွေးက“ထိရောက်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်စေချင်လို့ ကော်မတီကို ထောက်ခံတာ၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ကတော့ ထိရောက်တဲ့ ဒီမိုက ရေစီ နိုင်ငံ မဖြစ်နိုင်ပါဘူး။ ကော်မတီကို အများကြီး မျှော်လင့် တယ်”ဟု ဆိုသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီအား ထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်ပွဲသို့ ပြည်သူ ရာနှင့်ချီကာ တက် ရောက်ခဲ့သည်ကို တွေ့ရပြီး “နိုင်ငံ အနာဂတ် လှပရေး ၂၀၀၈ ခြေ/ဥ အမြန်ပြင်ပေး” ဟူသည့် ကြွေးကြော်မှုများ လည်း ပြု လုပ်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော နိုင်ငံတော်၏အခြေခံမူများ အနက် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ် မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည် သည်ဟု ချမှတ်ထားခြင်း နှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များ၏ အရည်အချင်းများတွင် စစ်ရေးအမြင်ရှိရမည် ဟူသောအ ချက်များ ထည့်သွင်းထားသည့်ပုဒ်မ များကို ပြင်ရန်လိုအပ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးကြေညာချက်၌ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ ၂၀၀ နီးပါး က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအား ကြိုဆိုထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ အာဏာကိုရယူသုံးစွဲခွင့်ရှိသည့်ဥပဒေနှင့် ဖွဲ့ စည်း ပုံပြင်ရေးတွင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု လက်ရှိဖွဲ့စည်း ပုံအခြေ ခံဥပဒေ၌ ပြဋ္ဌာန်းထားရာ မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ချက်များပါဝင်နေခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်ရေးကြေညာချက်၌ဆက်လက်ဖော်ပြခဲ့သည်။