ဓာတ်အားရင်းမြစ်များပြန်လည်ဆန်းသစ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိမည်

...

ဓာတ်အားရင်းမြစ်များပြန်လည်ဆန်းသစ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိမည်

Myanmar Times, 03 Mar 2019

URL: https://www.mmtimes.com/news/rural-areas-receive-electricity-powered-renewable-sources-minister.html
ပင်မဓာတ်အားလိုင်းနှင့်အလှမ်းကွာဝေးသောကျေးလက်ဒေသများတွင် ဓာတ်အားရင်းမြစ်များအား ပြန်လည်ဆန်းသစ်ခြင်းမှတဆင့် လျှပ်စစ်မီးရရှိတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် က ပြောကြားခဲ့သည်။

ထိုဒေသများသည် လူဦးရေနည်းပါးပြီး လျှပ်စစ်ဓာတ်အားသုုံးစွဲမှုသည် ပင်မလိုင်းမှဆွဲပြီး စီးပွားရေးအတွက် အသုံးပြုခြင်းမရှိသောကြောင့် အစိုးရအနေဖြင့် ထိုနေရာဒေသများကို ဓာတ်အားပြန်လည်ဆန်း သစ်ခြင်းမှတဆင့် လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရသည် ၂၀၁၉ ခုနှစ်ကုန်တွင် နိုင်ငံ၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိစေရန်ဖြန့်ဖြူးပေးဖို့ရည်ရွယ်ထားပြီး ၂၀၃၀ ခုနှစ်တွင် တနိုင်ငံလုံးလျှပ်စစ်မီးရရှိစေရန်လည်း ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံ၏လက်ရှိလျှပ်စစ်လည်ပတ်မှုသည် ၃၅၀၀ မီဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အားအသုံးပြုမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းထိ တိုးတက်ကောင်းမွန်လာသည်။မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၈- ၂၀၁၉ တွင် နောက်ထပ် ၃၉၄ မီဂါဝပ်၊ ၂၀၁၉-၂၀ တွင် ၄၅၀ မီဂါဝပ် နှင့် ၂၀၂၀-၂၁ တွင် ၁၇၁၂ မီဂါဝပ် လည်ပတ်နိုင်ရန် စီစဉ်နေသည်။

အစောပိုင်းအစီရင်ခံစာများအရ အစိုးရသည် ၂၀၂၁ ခုနှစ်တွင် ဓာတ်အားပြန်လည်ဆန်းသစ်သည့်ရင်းမြစ်များမှတဆင့် လျှပ်စစ်မီး ၈ ရာခိုင်နှုန်းနှင့် ဆိုလာနှင့်လေစွမ်းအင်များမှတဆင့် ၂၀၂၅ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်း လည်ပတ်နိုင်ရန် ရည်ရွယ်ထားသည်။

ဧရာဝတီတိုင်း ချောင်းသာ၌လည်း ၃၀ မီဂါဝပ်ရှိ နိုင်ငံ၏ ပထမဆုံးသော လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ထောင်ရန် တရုတ်၏ Three Gorges ကော်ပိုရေးရှင်းနှင့် သဘောတူလက်မှတ်ရေး ထိုးထားပြီဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အဆိုအရ လေစွမ်အင်သုံးစက်ရုံများကို ချင်း၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ကယားနှင့်တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် တည်ထောင်ရန် အလားအလာရှိကြောင်း သိရ သည်။