ဗိုလ်မှူးများပါဝင်သည့် နိုင်ငံရေးပါတီသစ်ကို ဦးသန်းရွှေ တည်ထောင်

...

ဗိုလ်မှူးများပါဝင်သည့် နိုင်ငံရေးပါတီသစ်ကို ဦးသန်းရွှေ တည်ထောင်

Myanmar Times, 04 Mar 2019

URL: https://www.mmtimes.com/news/shwe-confidant-launches-new-political-party-generals.html
ဦးသန်းရွှေ ယုံကြည်စိတ်ချရဆုံးသော တပ်မတော်အထက်ပိုင်းအရာရှိများနှင့်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီသစ်ကို စာရင်းသွင်းခဲ့ကြောင်း သိရသည်။

အမျိုးသားနိုင်ငံရေးဆိုင်ရာဒီမိုကရက်တစ်ပါတီ(DNP) ကို ဦးသိန်းစိန်အရလက်ထက်၌ သမ္မတရုံးဝန်ကြီးဖြစ်သူဦးစိုးမောင်က ဦးဆောင်ပြီး ၎င်းသည် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့် ရှိခဲ့သူဖြစ်သည်။ ၎င်းသည် ဦးသန်းရွှေအစိုးရလက်ထက်တွင် ရှေ့နေတရားသူကြီးချုပ်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယုံကြည်စိတ်ချရဆုံးသူတစ်ဦးဖြစ်သည်။

၎င်းသည် ၂၀၁၀ ခုနှစ်တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ် မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ကို ရှုံးနိမ့်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဆိုင်ရာဒီမိုကရက်တစ်ပါတီတွင် ယခင်သမ္မတဦးမောင်မောင်၏သား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌဟောင်းဖြစ်သူ ဦးကျော်သူနှင့် မွန်ပြည်နယ်တွင် စားသောက်ဆိုင်ဖွင့်လှစ်နေသူ ယဠင်ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးလွန်းမောင်ပါဝင်သည်။

ပါတီသည် နေပြည်တော်တွင် အခြေစိုက်မည်ဖြစ်သည်။ ပါတီသစ်၏အမည်၊ အလံနှင့် တံဆိပ်ကို နိုင်ငံပိုင်သတင်းစာတွင် စနေနေ့၌ ကြေငြာခဲ့သည်။