ဧကနည်း လယ်သမားများအတွက် အသေးစားချေးငွေပေးနိုင်ရန် ကန်ဒေါ်လာ ၈ သန်းတန် စာချုပ်ချုပ်

...

ဧကနည်း လယ်သမားများအတွက် အသေးစားချေးငွေပေးနိုင်ရန် ကန်ဒေါ်လာ ၈ သန်းတန် စာချုပ်ချုပ်

Mizzima, 04 Apr 2019

URL: http://www.mizzima.com/article/us-development-fund-providing-micro-lending-small-farmers?fbclid=IwAR07qIxqcMViNY5rLupd8Cc1ix7x_iJfKxMUiId3o5G_3E9Ak0Q1
မြန်မာနိုင်ငံရှိ ကျေးလက်နေ ဧကနည်းလယ်သမားများ အတွက် အသေးစားချေးငွေ ထောက်ပံ့နိုင်ရန် အမေရိကန်ဒေါ်လာ ၈ သန်း တန် ကတိကဝတ်စာချုပ်ကို အမေရိကန်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဘဏ္ဍာရေးအကူအညီပေးရေး အဖွဲ့အစည်းဖြစ်သော နိုင်ငံရပ် ခြားရင်းနှီးမြှုပ်မှုကော်ပိုရေးရှင်း(OPIC)က လက်မှတ်ရေးထိုးလိုက် သည်။

မတ်လ ၃ ရက်နေ့တွင် OPIC က Proximity Designs ၏ အသေး စားချေးငွေလုပ်ငန်းခွဲဖြစ်သော Proximity Finance နှင့် အဆိုပါ အမေရိကန်ဒေါ်လာ ၈ သန်းတန် ကတိကဝတ်စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။

Proximity Finance မှာ ဧကနည်းလယ်သမားများအတွက် လိုအပ်သောချေးငွေများကို ထုတ်ချေးပေးလျက် ရှိကာ ကျေးလက် နေ ပြည်သူများအတွက်ဝန်ဆောင်မှုပေးနေသော လူမှုရေးအဖွဲ့အ စည်းတစ်ခုဖြစ်ကြောင်း သိရသည်။

“သူတို့အတွက် အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေတွေကို တိုးချဲ့ထုတ် ချေးပေးခြင်းအားဖြင့် OPIC ရဲ့ Proximity နဲ့ မိတ်ဖက် လုပ်ဆောင်မှုဟာ ဧကနည်းလယ်သမားများကို သူတို့လယ်တွေ အထွက်တိုး လာအောင် လုပ်ပေး နိုင်သလို သူတို့လုပ်ငန်းကိုလည်း တိုးချဲ့နိုင်လာအောင်လည်း လုပ်ပေးနိုင်မယ်။ ပြီးတော့ သူတို့ရပ်ရွာတွေလည်း စည်ပင်ဝပြော လာစေမယ်”ဟု OPIC ၏ ယာယီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒေးဗစ်ဘိုဟီဂျန်က ပြော သည်။

မြန်မာ့လယ်ယာကဏ္ဍတွင် တိုင်းပြည်ရှိစုစုပေါင်း လုပ်သားအင်အား၏ ၆၀ ရာခိုင်နှုန်း ဝင်ရောက်လုပ်ကိုင်လျက် ရှိပြီး လယ်ယာက ဏ္ဍထုတ်ကုန်တန်ဖိုးသည် စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ခန့်မှန်းခြေ ၃ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထိုသို့ ပြည်တွင်းထုတ်ကုန်တန်ဖိုးမှာ ခန့်မှန်းခြေ ၃ဝ ရာခိုင်နှုန်းခန့်ရှိနေသော်လည်း ကျေးလက်နေပြည်သူတို့ ချေးငွေရရှိရန် အခက် အခဲရှိနေခြင်းကြောင့် လယ်ယာကဏ္ဍတိုးတက်ရေးကို အဟန့်အတားဖြစ်စေပြီး တရားဝင် ဘဏ္ဍာ ရေးဝန်ဆောင် မှုများမရရှိ ခြင်းကြောင့် ချေးငွေရယူသူများမှာ တရားမဝင်ငွေချေးသူများထံမှ အတိုးနှုန်း ကြီးကြီးဖြင့် ချေးယူရခြင်းနှင့် ၎င်းတို့ပိုင်ဆိုင်သော လယ်ယာနှင့် အခြားပိုင်ဆိုင်မှုများကို ပေါင်နှံကာ ချေးငွေရယူရခြင်းဖြင့် အရင်းအနှီးများကို ဖန်တီး ကြရကြောင်း ယင်းထုတ် ပြန်ချက်က ဆိုသည်။

“လောလောဆယ် တရားဝင်ငွေချေးကဏ္ဍက အပြည့် အဝ ထုတ်ချေးမပေးနိုင်သေးတဲ့ စွန့်ဦးတီထွင် လယ် သမားတွေအတွက် အကြိမ်ရေတစ်သန်း နီးပါးလောက် ကို Proximity Finance ကနေ လာမယ့် ငါးနှစ် အတွင်း မှာ ထုတ်ချေးသွားပါမယ်။ ” ဟု Proximity Finance ၏ အမှုဆောင်အရာရှိချုပ် ဟက်ဗစ် ဆန်းဘာ့ဂ်က ပြောသည်။

“ဒီလိုလုပ်ဆောင်မှုဟာ OPIC နဲ့ Skoll Foundation တို့အနေနဲ့ ဒီပန်းတိုင်ကို တက်လှမ်းနိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ် လှမ်းပါပဲ။ ပြီးတော့ ဒါဟာ ဆန်းသစ်မှုရဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်။ ပူးတွဲရင်းနှီးမြှုပ်နှံ မှုဟာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှု တွေလုပ်တာမှာ အများကြီးပိုပြီး ထိရောက် လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကျေးလက်ကွန်ရက်မှတဆင့် အထူးချေးငွေများကို စိုက်ပျိုးချိန်တွင် ထုတ်ချေးပေးပြီး ရိတ်သိမ်းချိန်တွင် ပြန် လည် ကောက်ယူခြင်းများကိုဆောင်ရွက်လျက်ရှိသော Proximity သည် လက်ရှိတွင် ချေးငွေလို အပ်နေသော အိမ်ထောင်စု ၁ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေပြီး လာမည့်ငါးနှစ်တာကာလတွင် ယင်းပမာဏ၏ နှစ်ဆရှိသော အိမ်ထောင်စုအရေအတွက်ကို ချေးငွေအကြိမ် ရေပေါင်း ၁သန်းနီးပါး ထုတ်ချေးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။