စီးပွားရေးလုပ်ငန်းဧည့်သည်များအတွက်သီလဝါတွင် ပထမဆုံးဟိုတယ် ဖွင့်လှစ်

...

စီးပွားရေးလုပ်ငန်းဧည့်သည်များအတွက်သီလဝါတွင် ပထမဆုံးဟိုတယ် ဖွင့်လှစ်

Myanmar Times,, 17 Apr 2019

URL: https://www.mmtimes.com/news/first-hotel-thilawa-opens-caters-business-visitors.html
သီလဝါစီးပွားရေးအထူးစက်မှုဇုန်စတင်တည်ထောင်ပြီး လေးနှစ်အကြာ၌ စက်မှုဇုန်တွင် ဟိုတယ်တစ်လုံးကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်သည်။

ယူအက်စ်ဒေါ်လာ(၁၃.၅)သန်း (ယွမ် ၁.၅ ဘီလီယံ) ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် လေးထပ်အဆောက်အဦးစီမံကိန်းသည် မရမ်းကုန်းမြို့နယ်၌ အဆောက်အဦးတစ်လုံးတည်ဆောက်လည်ပတ်ပြီးစီးနေပြီဖြစ်သည့် အိုဆာကာအခြေစိုက် Super Hotel chain ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သန်လျင်-ကျောက်တန်းမြို့နယ်အခြေစိုက် ၁၂၉ ခန်းပါဟိုတယ်အသစ်တွင် စားသောက်ဆိုင် ၂ ဆိုင်၊ ရေနွေးငွေ့ရေချိုးကန်နှင့် ရေပူ၊ အားကစားစင်တာ၊ ပန်းဥယျာဉ် ၊ လေဆိပ်သို့ကြို/ပို့ ယာဉ် ၊ အခမဲ့ကားပါကင်နေရာနှင့် အခမဲ့ဝိုင်ဖိုင် စသည်တို့ပါဝင်သည်။ ထိုနေရာနားတွင် ကုန်စုံဆိုင်လည်းရှိသည်။ နေ့စဉ်တည်းခိုခမှာ တစ်ညလျှင်ဒေါ်လာ ၁၁၀ မှ စသည်။

သီလဝါစက်မှုဇုန်သည် ဂျပန်ဦးဆောင်သည့်အများပြည်သူပုဂ္ဂလိကအစုစပ်ဖြစ်ပြီး မြန်မာနှင့်ဂျပန်အစိုးရသည် အစု၁၀ ရာခိုင်နှုန်းစီရရှိကာ နိုင်ငံတွင်းကုမ္ပဏီ ၉ ခုနှင့် မြန်မာသီလဝါဟိုးဒင်းအဖွဲ့က အစု ၄၁ ရာခိုင်နှုန်းထိန်းချုပ်ထားပြီး ဂျပန်ပုဂ္ဂလိကလုပ်ငန်းက ကျန်သည့် ၃၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ လက်ရှိတွင် သီလဝါတစ်ခုတည်းသာ နိုင်ငံတွင် လည်ပတ်လုပ်ဆောင်နေသည်

ဤဟိုတယ်စီမံကိန်းသည် သီလဝါ၏ ပထမဆုံးဟိုတယ်စီမံကိန်းဖြစ်ပြီး လာရောက်လည်ပတ်သူများ တည်ခိုနိုင်ရန်အတွက်ဖြစ်သည်။ ယခုအခါ စီးပွားရေးခရီးသွားသည်များသည် သံလျင်မြစ်အနီးရှိ satellite real estate မှတည်ဆောက်ထားသည့် Star City တွင် မကြခဏ လာရောက်နေထိုင်ကြသည်။ Singapore-listed Yoma ဗျူဟာမှ ထပ်မံမွမ်းမံထားပြီး ရောနှောအသုံးပြုစီမံကိန်းတွင် အဆောက်အဦး ၆ ခုပါဝင်ပြီး စုစုပေါင်းအခန်း ၉၀၀နှင့် စူပါမတ်ကတ်၊ ကော်ဖီဆိုင်နှင့်စားသောက်ဆိုင်၊ ဂေါ့ဖ်သင်တန်း၊ ရေကူးကန်၊ ဆေးခန်း၊ အားကစားခန်း စသည်တို့ပါဝင်သည်။

သီလဝါမှ စက်ရုံမန်နေဂျာအများအပြားမှာ Star City တွင် နေထိုင်ကြသည်။