တရုတ်နိုင်ငံမှ တည်ဆောက်ပေးသည့်ဓာတ်အားပေးစက်ရုံ မွန်ပြည်နယ်၌ ဖွင့်လှစ်

...

တရုတ်နိုင်ငံမှ တည်ဆောက်ပေးသည့်ဓာတ်အားပေးစက်ရုံ မွန်ပြည်နယ်၌ ဖွင့်လှစ်

Mizzima, 12 Apr 2019

URL: http://mizzima.com/article/china-built-power-plant-inaugurated-mon-state
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမွန်ပြည်နယ်ရှိပြည်သူများသည် ပြည်နယ်အတွင်းရှိ ကျေးရွာ ၁၅၀၀ ကျော်ကို လျှပ်စစ်မီးပေးနိုင်သည့် တရုတ်နိုင်ငံမှ မကြာသေးမီက ဆောက်လုပ်ပေးသော ဓာတ်ငွေ့ပိုက်ဓာတ်အားပေးစက်ရုံကို ကြိုဆိုခဲ့ကြသည်။

၁၁၈.၉ မီဂါဝပ်ရှိသည့်စက်ရုံကို China Energy Engineering Corporation (CEEC) မှတည်ဆောက်ခဲ့သည်။

သထုံမြို့နယ်၌ ဓာတ်အားပေးစက်ရုံမှ လည်ပတ်နေသည့်လျှပ်စစ်ကို ၂၃၀ ဗို့အားရှိ စစ်တောင်း-သထုံနှင့် ၂၃၀ ဗို့အားရှိ သထုံ-မော်လမြိုင်ဓာတ်အားပေးစက်ရုံမှတဆင့် ပင်မလျှပ်စစ်လိုင်းသို့ လွှဲပြောင်းပေး မည်ဖြစ်သည်။

တောင်မူကျေးရွာအုပ်ချုပ်ရေးမှူးက ဓာတ်အားပေးစက်ရုံဝန်းကျင်ရှိ ကျေးရွာ ၇ ရွာသည် လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း ရှင်ဟွာနှင့်အင်တာဗျူးတွင် ပြောပြခဲ့သည်။