ဦးမြင့်မောင်အား တနင်္သာရီတိုင်းဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

...

ဦးမြင့်မောင်အား တနင်္သာရီတိုင်းဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

Mon News Agency, 18 Apr 2019

URL: HTTPS://WWW.BNIONLINE.NET/EN/NEWS/U-MYINT-MAUNG-APPOINTED-CARETAKER-CHIEF-MINISTER-TANINTHARYI-REGION
တနင်္သာတိုင်းဒေသကြီးလွှတ်တော်၌ ဝန်ကြီးချုပ်သစ် ဦးမြင့်မောင် ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လစ်လပ်နေသော အစိုးရအဖွဲ့ဝင်ဝန်ကြီး ၃ ဦးကိုလည်း ခန့်အပ်တာဝန်ပေးရန် သဘောတူ လိုက်ကြောင်း သတင်းရ ရှိသည်။

ဝန်ကြီးချုပ်အဖြစ် မိမိတာဝန်ယူသော အစိုးရအဖွဲ့ကို အဂတိကင်းစင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပွင့်လင်း မြင်သာသည့် အစိုးရတစ်ရပ်ဖြစ်စေရေး စီမံဆောင် ရွက်မည်ဟု တနင်္သာရီတိုင်းဝန်ကြီး ချုပ်သစ် ဦးမြင့်မောင်က တိုင်းလွှတ်တော်၌ ယမန်နေ့တွင် ကတိပြုပြောကြားခဲ့သည်။

ထို့အတူ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည် ဆောက်ရေးအတွက်အေခြခံအုတ်မြစ်ဖြစ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ပြင်ဆင် ရေးအပေါ် အခြေခံ၍ ရှေ့လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဆိုသည်။

ထိုနောက် ဝန်ကြီးချုပ်သစ်က လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးအဖြစ် တနင်္သာရီမဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူရ၊ သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ရေဖြူမဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် မြိတ်မဲဆန္ဒနယ် အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချိုတို့ကို တိုင်းလွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့သည်။

ယင်းသို့ လစ်လပ်သွားသည့်ဝန်ကြီးနေရာများအား အစားထိုးခန့်အပ်ရန် ဝန်ကြီးချုပ်အမည်စာရင်း တင်သွင်းလာသည့်အပေါ် လွှတ်တော်မှကန့်ကွက်သူမရှိ သဘောတူခဲ့ပြီး နိုင်ငံတော် သမ္မတက အတည်ပြု ခန့်အပ်ပေးသွားမည် ဖြစ်သည်။

အဂတိမှု ၄ မှုဖြင့် တရားစွဲဆိုခံထားရသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် တာဝန်မှရပ်စဲပြီးနောက်ပိုင်းတွင် ဦးမြင့်မောင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်သည့်အတွက် သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး တစ်နေရာလစ်လပ်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့တွင် နောက်ထပ်တိုင်းအစိုးရ ဝန်ကြီး ၂ ဦးထပ်မံ အနားယူသွားသဖြင့် စုစုပေါင်း ဝန်ကြီး ၃ ဦးနေရာလစ်လပ်ခဲ့ခြင်းဖြစ်သည်။