မွန်ပြည်နယ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၄၅၀၀၀ ခန့်လျာထား

...

မွန်ပြည်နယ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၄၅၀၀၀ ခန့်လျာထား

Mon News Agency, 15 May 2019

URL: http://monnews.org/2019/05/15/mon-state-allocates-45000-million-kyat-for-agriculture-in-the-monsoon-season/
မွန်ပြည်နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၄၅၀၀၀ ခန့် ထုတ်ချေးပေးရန်လျာထား ကြောင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မွန်ပြည်နယ်ဘဏ်ခွဲ) မှ သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၆ ရက်နေ့မှ သြဂုတ်လကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ် ပြီး တောင်သူများ အနေဖြင့် လယ်ယာမြေလုပ်ပိုင် ခွင့်လက်မှတ် (ပုံစံ-၇) မူရင်းကို စိုက်ပျိုးစရိတ်ချေး ငွေမကြေ မခြင်း ဘဏ်မှာ အပ်နှံထားရမည်ဖြစ် ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် (မွန်ပြည် နယ်ဘဏ်ခွဲ) မန်နေဂျာ ဦးကျော်စွာ လှိုင်က ပြောသည်။

“စိုက်ချိန်ပျိုးချိန်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က လာပေးတဲ့အတွက် တောင်သူတွေ အပြင်ကနေ ချေးငွေ မယူရတဲ့အတွက် သက်သာသွားတဲ့ပေါ့နော်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း မြန်မာနိုင် ငံမှာ ဒီလို အတိုးနှုန်းနဲ့ချေးပေးတော့ တောင်သူတွေက ဒီချေးငွေတွေကို ကောင်းကောင်းမွန်မွန်နဲ့အသုံးပြုနိုင်မယ်ဆိုရင် သူတို့ရဲ့လယ်ယာ လုပ်ငန်းခွင်မှာ အများကြီးထိရောက်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

လယ်မြေတစ်ဧကကို ငွေကျပ် ၁ သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ အခြားစိုက်ပျိုးသီးနှံအတွက် တစ်ဧကကို ငွေကျပ် ၁ သိန်းနှုန်းဖြင့် လည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တောင်သူတစ်ဦးကို စိုက်ပျိုး မြေဧက ၁၀ ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ ငွေကျပ် ၁၀၀ ကို တစ်လအတွက် အတိုး ၆၇ ပြားပေးသွင်းရမည်ဖြစ်ပြီး သီးနှံစပါးပေါ်ချိန်ပြန်ဆပ် သည့်အခါ တိုးရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

သို့ရာတွင် စိုက်ပျိုးလယ်တစ်ဧကကို ငွေကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးခြင်းသည် စိုက်ပျိုးစရိတ်ချေးငွေအတွက် လုံလောက်မှုမရှိကြောင်း လယ် ၁၆ ဧက ပိုင်ရှင် ဦးရာဂျားက ပြောသည်။

“မော်လမြိုင်မြို့နယ်က လယ်မြေသားနဲ့ ပေါင်မြို့နယ်က လယ်မြေသားနဲ့ မတူဘူး။ မော်လမြိုင်မှာက ကုန်းမြေဖြစ်နေ တော့ လုပ်ရတာစရိတ်များတယ်။ တစ်ဧကကို အနည်းဆုံး ၂ သိန်း ၃ သိန်းဝန်းကျင်လောက် မှ စိတ်တိုင်းကျဖြစ်မယ်”ဟု ဦးရာဂျားက ဆိုသည်။

မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးလယ်ဧက ၇ သိန်းရှိသည့်အနက် လယ်ဧက ၄ သိန်းခန့်က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခဲ့ ကြောင်း၊ ပြီးခဲ့သည့် မိုးရာသီစိုက်ပျိုးရိတ်ချေးငွေ ကျပ်သန်းပေါင်း ၄၂၀၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ) ထံမှ သိရသည်။