စာသင်ကျောင်းများ၌မွန်ဘာသာစကားကိုစတင်သင်ကြားနေပြီ

...

စာသင်ကျောင်းများ၌မွန်ဘာသာစကားကိုစတင်သင်ကြားနေပြီ

Independent Mon News Agency, 05 Feb 2014

URL: http://monnews.org/2014/02/05/mon-language-introduced-schools/
မွန်ပြည်နယ်သံဖြူဇရပ်မြို့ရှိစာသင်ကျောင်းများတွင်မွန်ဘာသာကိုပုံမှန်အချိန်များ၌စတင်သင်ကြားနေပြီဖြစ်ပြီးအတန်းလွတ်များတွင်လည်းကျောင်းသားအများစုလျှောက်မက​စား
နိုင်အောင်ဝင်ရောက်သင်ကြားခြင်းများပြုလုပ်ခဲ့သည်။
“လွတ်နေသောအချိန်တွေမှာဆိုရင်ကျောင်းသားငယ်တွေဟာအမြဲအားနေပြီးလျှောက်ကစားနေပါတယ်၊ဒါကြောင့်လျှောက်ကစားနေမယ့်အစားသူတို့အနေနဲ့အပိုဆောင်းဘာသာရပ်
တခုကိုသင်ယူနိုင်ပါတယ်”ဟုအထက်တန်းကျောင်းသားများတက်ရောက်နေသောအထက(၁)အထက်တန်းကျောင်းအုပ်ကြီးဦးတင်ဝင်းမှလွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ပြော
ဆိုခဲ့သည်။“ကျောင်းသားတွေဟာမွန်ဘာသာကိုအလွန်စိတ်ပါဝင်စားစွာသင်ယူနေပါတယ်၊သူတို့မိဘတွေကလည်းသူတို့ကိုသင်ယူဖို့တိုက်တွန်းအားပေးကြပါတယ်” မွန်တိုင်းရင်း သား
မဟုတ်တဲ့ကျောင်းသားတွေကတောင်သင်ယူဖို့အတွက်ကျေနပ်နှစ်သိမ့်ခဲ့ကြပါတယ်ဟုဦးတင်ဝင်းမှမှတ်ချက်ပေးခဲ့သည်။
ဇန်နဝါရီလလယ်လောက်ကတည်းကသုံးတန်းနှင့်လေးတန်း၌ကျောင်းသားအယောက်နှစ်ရာကိုဘာသာစကားအတန်းများ၌ဆရာ/ဆရာမလေးယောက်မှသင်ကြားခဲ့သည်။ထိုအချိန် ကတည်းကအတန်းငယ်များအတွက်သာသင်ကြားခဲ့သော်လည်းအတန်းကြီးများအတွက်နောက်စာသင်နှစ်များတွင်အတန်းများပိုမိုထည့်ရန်မျှော်လင့်ခဲ့သည်။ကျောင်းသည်သူငယ်
တန်းမှဆယ်တန်းအထိရှိသည်။
ဆယ်စုနှစ်တနှစ်များတွင်တရားမဝင်သင်ကြားခဲ့ရပြီးနောက်ပိုင်းအရပ်သားတဝက်တပျက်ပါေသာအစိုးရတက်လာပြီးနောက်ဆုံးတွင်တိုင်းရင်းသားဘာသာကိုစာသင်ကျောင်းများ တွင်သင်ကြားရန်ခွင့်ပြုခဲ့သည်။သို့သော်လည်းကျောင်းတွင်ပုံမှန်ကျောင်းချိန်များပြီးနောက်သင်ကြားရမည်ဖြစ်ပြီးအတန်းလွတ်များတွင်လည်းသင်ကြားရမည်ဖြစ်သည်။အစိုးရမှဤ
ဘာသာစကားစာအုပ်များကိုနိုင်ငံအနှံ့အစပျိုးခြင်းနှင့်ဖြန့်ဖြူးအတွက်ကုန်ကျစရိတ်ကိုကျခံရန်သဘောတူညီခဲ့သည်။
“ကျွန်တော်တို့မြို့မှာလူငယ်များရဲ့နောင်လာမယ့်နောင်မျိုးဆက်သစ်တွေအတွက်မွန်ဘာသာကိုပြောနိုင်ဖတ်နိုင်တာဟာအခွင့်အရေးတရပ်ပါပဲ”ဟုကျောင်းသားမိဘဖြစ်သူနိုင်အောင်စိုး
မှပြောဆိုခဲ့ပြီးကျောင်းချိန်များအတွင်းတွင်အတန်းကြီးများအတွက်အတန်းများတွင်အစပျိုးထားလျှင်ကောင်းမွန်လိမ့်မည်ဖြစ်ကြောင်းမှတ်ချက်ချခဲ့သည်။