၂၀၁၅ရွေးကောက်ပွဲကိုရွှေ့ဆိုင်းလိမ့်မည်မဟုတ်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောကြား

...

၂၀၁၅ရွေးကောက်ပွဲကိုရွှေ့ဆိုင်းလိမ့်မည်မဟုတ်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောကြား

Mizzima News, 21 Oct 2014

URL: http://www.mizzima.com/mizzima-news/politics/item/13966-union-election-commission-chairman-says-2015-elections-will-not-be-postponed
၂၀၁၅တွင်ပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲကိုရွှေ့ဆိုင်းလိမ့်မည်မဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးကအောက်တိုဘာလ(၂၀)ရက်နေ့တွင်သ
တင်းမီဒီယာများထံပြောကြားခဲ့သည်။

၂၀၀၈ခုနှစ်အခြေခံဥပဒေအရလွှတ်တော်သည်၎င်း၏ပထမသက်တမ်းတွင်(၅)နှစ်သက်တမ်းရှိသည်။လွှတ်တော်၏လက်ရှိအစကဏ္ဍတွင်ပထမဦးဆုံးအကြိမ်လွှတ်တော်ကို၂၀၁၁ခုနှစ်
ဇန်နဝါရီလတွင်ကျင်းပခဲ့သည်၊ထို့ကြောင့်လွှတ်တော်သက်တမ်းသည်၂၀၁၆ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင်ကုန်ဆုံးမည်ဖြစ်သည်။ထို့ကြောင့်အထွေထွေရွေးကောက်ပွဲကိုဒုတိယအ
ကြိမ်လွှတ်တော်ဖွဲ့စည်းဖို့အတွက်၂၀၁၅ခုနှစ်တွင်အထွေထွေရွေးကောက်ပွဲကိုကျင်းပရမည်ဖြစ်သည်ဟုဦးတင်အေးကပြောကြားခဲ့သည်။

အောက်တိုဘာလ(၂၀)ရက်နေ့တွင်ရန်ကုန်၌မီကာဆာဟိုတယ်တွင်ကျင်းပပြုလုပ်သောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်အရပ်သားလူမှုအဖွဲ့အစည်းများအတွင်းပူးပေါင်းဆောင်
ရွက်ကြိုးပမ်းမှုများနှင့်ပက်သက်၍တတိယအကြိမ်မြောက်အလုပ်ရုံဆွေးနွေးပွဲကျင်းပ​ခဲ့ပြီးနောက်မီဒီယာများမှမေးလာသောမေးခွန်းများကိုဦးတင်အေးမှတုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကိုနိုဝင်ဘာလ(ဒါမှမဟုတ်)ဒီဇင်ဘာလနောက်အ​ကျဆုံးထားပြီးကျင်းပပြုလုပ်မှာပါ။၂၀၁၅ခုနှစ်အ​ထွေထွေရွေးကောက်ပွဲကိုရွှေ့ဆိုင်းမှာမဟုတ်ပါဘူး”ဟုကော်မရှင်ဥက္ကဌက​
ပြောခဲ့သည်၊အထွေထွေရွေးကောက်ပွဲလာပြီးနောက်ပိုင်းတွင်လွှတ်တော်၏ဒုတိယအကြိမ်သက်တမ်းတွင်ပထမဦးဆုံးအကြိမ်လွှတ်တော်အစည်းအဝေးကိုရက်(၉၀)အတွင်းကျင်းပရမည်
ဖြစ်သည်။

အောက်တိုဘာလ(၁)ရက်နေ့တွင်သမ္မတဦးသိန်းစိန်၏ရေဒီယိုမိန့်ခွန်းတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်အောင်မြင်စွာချုပ်ဆိုပြီးသောအခါအစိုးရမှနိုင်ငံရေးဆိုင်ရာဆွေး
နွေးပွဲများကိုနိုင်ငံ့အနာဂတ်ကိုပုံဖော်ရန်အတွက်စတင်နိုင်မည်ဟုပြောကြားခဲ့သည်။ဤဆွေးနွေးမှုများသည်တည်ငြိမ်မှုများရှိစေခြင်း၊၂၀၁၅ခုနှစ်တွင်ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်း
ပနိုင်စေခြင်းနှင့်နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုလွယ်လူချောမွေ့စွာလုပ်ဆောင်နိုင်ခြင်းများဖြစ်လာနိုင်မည်ဟု၎င်းကဆိုသည်။

သမ္မတမိန့်ခွန်းနှင့်ပက်သက်၍မေးခွန်းများကိုတုံ့ပြန်ဖြေကြားရာတွင်ဦးတင်အေးမှ“ကော်မရှင်ကနေရွေးကောက်ပွဲကိုကျင်းပပါတယ်။ဒါကြောင့်ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာအတည်ဖြစ်
ပါတယ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲကိုရွှေ့လို့မရနိုင်ပါဘူး။ကော်မရှင်ကလည်းရွေးကောက်ပွဲကိုမရွေ့ဆိုင်းနိုင်ပါဘူး”ဟုပြောခဲ့သည်။

ဦးတင်အေးမှအရပ်သားလူမှုအဖွဲ့အစည်းများအား၎င်းတို့အနေနှင့်၂၀၁၅ခုနှစ်တွင်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကိုကျင်းပမည်ဖြစ်သည်။ရွေးကောက်ပွဲဝင်မည့်သင့်လျော်သောမဲဆန္ဒရှင်များနှင့်ရွေးကောက်ပွဲတစ်ခုလုံးတောက်လျှောက်တွင်မဲရုံများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများအပါအဝင်ရွေးကောက်ပွဲလုပ်နေစဉ်
တလျှောက်လုံးတွင်ပြည်တွင်း၊ပြည်ပစောင့်ကြည့် လေ့လာရေးအဖွဲ့အစည်းများကိုပါကော်မရှင်ကခွင့်ပြုသွားမည်ဖြစ်သည်ဟု၎င်းကပြောကြားခဲ့သည်။