PPCM ဖွဲ့စည်းရေး NCA ထိုး အဖွဲ့များ အစည်းအဝေးပြုလုပ် သုံးသပ်မည်

...

PPCM ဖွဲ့စည်းရေး NCA ထိုး အဖွဲ့များ အစည်းအဝေးပြုလုပ် သုံးသပ်မည်

Shan Herald Agency for News, 06 Jun 2019

URL: https://www.bnionline.net/en/news/ceasefire-groups-meet-discuss-future-ppst
ကရင် အမျိုးသား အစည်းအရုံး(KNU)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) ဖွဲ့စည်းရေးအဆိုပြုမှု အပေါ် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ဖွဲ့စည်းပေးထားသော အလုပ်အဖွဲ့က ဇွန်လ ၅ ရက်မှ ၇ ရက် အထိ အစည်းအ ဝေးပြုလုပ်၍ သုံးသပ်ကြမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် PPCM ဖွဲ့စည်းရေး တင်ပြမှု အခြေ အနေအပေါ် သုံးသပ်မည်ဖြစ်သကဲ့သို့ လက်ရှိ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဆိုင်းငံ့နေသော အခြေအနေကို မည်ကဲ့ သို့ ကျော်လွှားနိုင်မ လဲဆိုခြင်းအပေါ် လည်း ဆွေးနွေး အဖြေရှာကြမည်ဖြစ်ကြောင်း ပအို့ဝ်အမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ နာယက ဖြစ်သူ ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာ ချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့သည် ထိပ်သီး အစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပခဲ့ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ဖျက်သိမ်း၍ PPCM ကို ဖွဲ့စည်းရန် KNU က အဆိုပြု တင်ပြခဲ့သည်။ထို့နောက် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ကြား PPST ကို ဆက်လက်ထားရှိရေး အဆိုပြုသောအဖွဲ့ များနှင့် PPST ကို ဖျက်သိမ်းရန် အဆိုပြုသော အဖွဲ့ကြား သဘောထား ကွဲလွဲခဲ့ကြသလို PPCM ကို ဖွဲ့စည်းရန် KNU တင်ပြ မှု အပေါ်လည်း သဘောထား ကွဲလွဲခဲ့ကြသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက PPCM အကောင်အထည် ဖော်ရန် မလွယ်ကူကြောင်း၊ PPCM ကို အတင်း အကောင်အထည်ဖော် ပါက PNLO အဖွဲ့အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု မလုပ်နိုင်ကြောင်း၊ PPCM ဖြစ်တည်လာပါက ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆိုင်းငံ့နေရာမှ ပျက်စီးသွားမည့် အခြေအနေထိ ဖြစ်သွားနိုင်ကြောင်း ဆိုသည်။

KNU အထွေအထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး က PPCM ဖွဲ့စည်းရခြင်းမှာ အားလုံးပါဝင် ပေါင်းစည်းနိုင်ရေး အတွက် ဖြစ်ကြောင်း၊ PPCM ဖွဲ့ပါက ငြိမ်းချမ်းရေးပျက်စီးသွားနိုင်သည်ဆိုခြင်းမှာ မသက်ဆိုင်ကြောင်း၊ PPST က မိမိတို့ နုတ်ထွက်ရခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။